Learning Management System (E-Learning)
E-Learning
ဧရာဝတီဘဏ် Learning and Development ဌာနအနေဖြင့် ဝန်ထမ်းများလုပ်ငန်းခွင်အတွင်း သင်ယူမှုအတွေ့အကြုံကို ပိုမိုကောင်းမွန်စေရန်နှင့် ထိရောက်သော အွန်လိုင်းသင်ကြားရေးလုပ်ငန်းစဉ်များ စီမံနိုင်စေရန်အတွက် "သင်ယူမှုစီမံခန့်ခွဲမှုစနစ် (LMS)" ကို မကြာခင်ကာလမှာ စတင်မိတ်ဆက် အသုံးပြုတော့မှာဖြစ်ပါတယ်။
LMS ဆိုတာဘာလဲ?
ဆော့ဖ်ဝဲ(သို့မဟုတ်) Website တစ်ခုဖြစ်ပြီး သင်ကြားပို့ချရန် (သို့) သင်ယူရန်၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ သင်ယူမှုမည်မျှခရီးရောက်ပြီကို စစ်ဆေးနိုင်ရန်၊ ရလဒ်ကို အနှစ်ချုပ်တင်ပြနိုင်ရန် ပရိုဂရမ်ရေးဆွဲထားသော Learning Management System တစ်ခုဖြစ်ပါသည်။ အဆိုပါ စနစ်သစ်သည် ဝန်ထမ်းများ မိမိကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကောင်းမွန်သော သင်ယူမှုအတွေ့အကြုံကို ပေးဆောင်နိုင်ရန် ရည်ရွယ်ပါသည်။